ပဋိသန္ဓေ (၄) မျိုး

၁။ အပါယ် ပဋိသန္ဓေ - အပါယ်လေးဘုံ၌ ရောက်၍ တည်ခြင်း။
၂။ ကာမသုဂတိပဋိသန္ဓေ - ကာမ (၁၁)ဘုံ၌ ရောက်၍ တည်ခြင်း။
၃။ ရူပါဝစရ ပဋိသန္ဓေ - ရုပ်နာမ်ရှိသော ဗြဟ္မာ ၁၆ ဘုံ၌ ရောက်၍ တည်ခြင်း။
၄။ အရူပါဝစရ ပဋိသန္ဓေ - ရုပ်မရှိ နာမ်ရှိသော ဗြဟ္မာလေးဘုံ၌ ရောက်၍ တည်ခြင်း။

တစ်နည်း

၁။ အဏ္ဍဇ - ဥ၌ တည်၍ ဖြစ်သော သန္ဓေ၊
၂။ သံသေဒဇ - သစ်ရွက်သစ်ပွင့်၌ ဖြစ်သော သန္ဓေ၊
၃။ ဇလာဗုဇ - အမိဝမ်း၌ ကလလရေကြည် တည်၍ ဖြစ်သော သန္ဓေ၊
၄။ ဩပပါတိက - မွေးဖွားခြင်းမရှိ နတ် ဗြဟ္မာတို့ကဲ့သို့ ကိုယ်ထင်ဖြစ်လာသော သန္ဓေ။