ပဋိသမ္ဘိဒါဉာဏ် (၄) ပါး

၁။ အတ္ထပဋိသမ္ဘိဒါ - လူမျိုးခြားတို့၏ ဘာသာစကားအရပ်ရပ်တို့ကို နားလည်တော်မူနိုင်ခြင်း၊ အနက်သဘောကို သိခြင်း။
၂။ ဓမ္မပဋိသမ္ဘိဒါ - မြတ်စွာဘုရား၏ ဝစနစကားတော်တို့ကို ဇာတ်တူသူ ၊ မတူသူ ဘာသာဟူသမျှက သိနိုင်ခြင်း၊ တရားသဘောကို သိခြင်း။
၃။ နိရုတ္တိပဋိသမ္ဘိဒါ - သဒ္ဒါ၏ အလိုကို ဝိဂြိုဟ်၊ ဝစနတ္ထ ခွဲခြား၍ သိနိုင်ခြင်း၊ ယုတ်တိယုတ်တာနှင့် တကွ ဘာသာစကားကို သိခြင်း။
၄။ ပဋိဘာနပဋိသမ္ဘိဒါ - တရားဟောတော်မူရာ၌ လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုး နားလည်နိုင်အောင် တန်ဆာအမျိုးမျိုးဆင်၍ ဟောတော်မူနိုင်ခြင်း၊ ဝေဖန်ပိုင်းခြား၍ သိခြင်း။