ဗုဒ္ဓဝစန (၃) ပါး

၁။ ပဌမ ဗုဒ္ဓဝစန - အနေကဇာတိ သံသာရံ အစချီ၍ ဥဒါန်းကျူးသော စကား၊ ဘုရားဖြစ်တော်မူစ၌ ဟော၏။
၂။ ပစ္ဆိမ ဗုဒ္ဓဝစန - ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ အစချီသော စကား၊ အဆုံးစွန် ပရိနိဗ္ဗာန် ပြုတော်မူခါနီး ဟော၏။
၃။ မဇ္ဈိမ ဗုဒ္ဓဝစန - သက်တော်ထင်ရှား လေးဆယ့်ငါးဝါ ကာလပတ်လုံး ဟောတော်မူသော စကားများ။