ဉေယျဓံ တရား (၅) ပါး

၁။ သင်္ခါရ - နာမ်တေပညာသ (၅၃) ပါးနှင့် နိပ္ဖန္နရုပ် (၁၈)ပါး အပေါင်းကို သင်္ခါရ တရား (၇၁) ပါးဟု ခေါ်၏။
၂။ ဝိကာရ - ကာယဝိညတ်ရုပ်၊ ဝစီဝိညတ်ရုပ်၊ လဟုတာရုပ်၊ မုဒုတာရုပ်၊ ကမ္မညတာရုပ်၊ ဤ (၅) ပါးကို ဝိကာရဟု ခေါ်၏။
၃။ လက္ခဏာ - ဥပစာယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ ဤရုပ် (၄) ဖြာကို လက္ခဏာ ဟုခေါ်၏။
၄။ နိဗ္ဗာန် - ကိလေသာချုပ်ငြိမ်းရာကို ခေါ်၏။
၅။ ပညတ် - လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ၊ ရေ၊ မြေ၊ တော၊ တောင် ပညတ်မှန်သမျှကို ခေါ်၏။