၁။ ဉတ်ထားသောအခါ ပဉ္စင်းလောင်းကို မသုံးသပ်ခြင်း။ အယံဣတ္ထန္နမော၊ အယံ နာဂေါဟူ၍ ပဉ္စင်းလောင်းကို မကြားခြင်းကားဝတ္ထုကို မသုံးသပ်သည်မည်၏။
၂။ သံဃာကို မသုံးသပ်ခြင်း။ သုဏတု မေ ဘန္တေသာ ဆို၍ သံဃောကို မရွတ်သည်ကား သံဃာကို မသုံးသပ်သည်မည်၏။
၃။ ဥပဇ္စျာယ်ကို မသုံးသပ်ခြင်း။ တိဿဿဥပသမ္ပဒါပေက္ခာဟု ဥပဇ္စျာယ်ကို မဆိုသည်ကား ဥပဇ္စျာယ်ပုဂ္ဂိုလ်ကို မသုံးသပ်သည်မည်၏။
၄။ ဉတ်ကို မသုံးသပ်ခြင်း။ အချင်းခပ်သိမ်း ဉတ်မထားသည်ကား ဉတ်ကို မသုံးသပ်သည် မည်၏။
၅။ ဉတ်ကို နောက်မှ ရွတ်ခြင်း။ ကမ္မဝါစာကို ရွတ်ပြီးမှ ဉတ်ကို ရွတ်သည်ကား ဉတ်ကို နောက်မှ ရွတ်သည်နညိ၏။