ကိတ် (နိမိတ်ကြီး) (၃) ပါး


၁။ အာကာသကိတ် - ထူးခြားစွာ ကြယ်ပျံခြင်း၊ ကြယ်ကြွေခြင်း၊ ဥက္ကာကျခြင်း၊ နေ-လ ကြတ်ခြင်း၊ ကြယ်တံခွန်လွှတ်ခြင်း၊ တိမ်တံခွန်ထွက်ခြင်း၊ ဂြိုဟ်အသွားအလာ ဖောက်ပြန်ခြင်း၊ ဗျဂ္ဃဇာ၊ ဝဂ္ဂဇာ၊ သီဟဇာကျင့်ခြင်း စသော ကောင်းကင်မှ ဖြစ်ပေါ်သည့် နိမိတ်များ။
၂။ ဘောမကိတ် - တောင်ပို့ပေါက်ခြင်း၊ တောင်ကြီးတောင်ငယ်ပေါ်ခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ပင်လယ်ဝေခြင်း၊ တော်လည်း ငလျင်လှုပ်ခြင်း၊ မြေမှအခိုးအလျှံထွက်ခြင်း၊ အိမ်အောက်နန်းအောက် ကျောင်းတော်အောက်တို့၌ မှိုပွင့်ကြီးများ ပေါက်ခြင်း၊ ကြာပေါက်ခြင်း စသော မြေကြီးနှင့် စပ်ဆိုင်၍ ဖြစ်ပေါ်သမျှနိမိတ်များ။
၃။ အန္တလိက္ခကိတ် - ဘုရားစေတီတော်တို့မှ ရောင်ခြည်တော် အကြိမ်ကြိမ် လွှတ်ခြင်း၊ မျက်ရည်ယိုခြင်း၊ သွေးစိမ်းရှင်ရှင်ယိုခြင်း၊ ချွေးထွက်ခြင်း၊ အမွေးပေါက်ခြင်း၊ သစ်ပင်တို့မှ ရေမီးထွက်ခြင်း၊ အခိုးအလျှံထွက်ခြင်း၊ ဇရပ်တန်ဆောင်း ကျောင်း နန်းတော်တို့မှ အခိုးထခြင်း၊ အရောင်လွှတ်ခြင်းစသော မြေကြီးနှင့် ကောင်းကင် စပ်ကြားမှ ဖြစ်ပေါ်သမျှ နိမိတ်များ။