စေတီတို့၌ ပြာဋိဟာပြခြင်း အကြောင်း (၃) ပါး


၁။ ရဟန္တာ ပုဂ္ဂိုလ်မြတ်သည် နတ် လူတို့အား သနားသဖြင့် ငါ၏စေတီ၌ ဤသို့ ပြာဋိဟာ ဖြစ်စေသတည်းဟု ဓိဋ္ဌာန်သောကြောင့် ပြခြင်း။

၂။ နတ်တို့သည် လူတို့အား သနားသဖြင့် ဘုရား ရဟန္တာတို့၏ စေတီ၌ ဤသို့ ပြာဋိဟာ ပြခြင်းဖြင့် သူတော်ကောင်းတရား ပွားစီးလတ္တံ့၊ ကြည်ညို၍ ကောင်းမှုပွားကုန်လတ္တံ့ဟု မျှော်၍ ဓိဋ္ဌာန်သောကြောင့် ပြခြင်း။
၃။ သဒ္ဓါကြည်ညိုခြင်း ပြည့်စုံသူ လူတစ်ဦးဦးက ဓိဋ္ဌာန်သောကြောင့် ပြခြင်း။