အပရိဟာနိယ (သို့) မဆုတ်ယုတ်ကြောင်းတရား (၇) ပါး


မင်းကျင့်ဝတ်

၁။ သန္နိပါတ - ပညာရှိ အမတ်များနှင့် အစဉ်မပြတ် တိုင်ပင်ခြင်း။
၂။ သမဂ္ဂ - အမှုအရေးကို (အများနှင့်) အညီအညွတ် ထကြွခြင်း။
၃။ ပညတ္တိပဋိပဇ္ဇန - ရှေးမင်းတို့ ပညတ်သော ထုံးတမ်းကို မပျက်စေဘဲ ကျင့်ခြင်း။
၄။ သုဝစ - ပညာဂုဏ်ကြီးသူတို့ ဆုံးမရာကို လိုက်နာခြင်း။
၅။ အပသယှ - အမျိုးသမီးများကို အနိုင်အထက် သိမ်းမယူခြင်း။
၆။ ဗလိ - ထုံးစံအတိုင်း ဗလိနတ်စာကျွေးခြင်း။
၇။ ဂုတ္တိ - ရသေ့ ရဟန်းများကို အစဉ် ချီးမြှောက်စောင့်ရှောက်ခြင်း။
(သတ္တက အင်္ဂုတ္တိုရ် ၃- ဝဇ္ဇိသတ္တက ဝဂ် ၁ - သာရန္ဒ ဒသုတ်)

ရဟန်းကျင့်ဝတ်

၁။ ညီညွတ်စွာ မပြတ်စည်းဝေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း။
၂။ အစည်းအဝေးသို့ အညီအညွတ် စုရုံး တက်ရောက်၍ သံဃာ၏ ပြုဖွယ်ကိစ္စတို့ကို အညီအညွတ် ပြုကုန်လျက် ညီညာစွာ ထပြန်ကြခြင်း။
၃။ ပညတ်ပြီး ဓမ္မဝိနယတို့ကို အစဉ် လိုက်နာကျင့်သုံးခြင်း၊ မပယ်ဖျက်ခြင်း၊ အသစ် မပြုပြင်ခြင်း။
၄။ ထေရ်ဝါကြီးသော ဂုဏဝန္တ၊ သီလဝန္တ၊ ဗဟုသုတဓရ ရဟန်းကြီးတို့အား ရိုသေလေးမြတ်ခြင်း၊ ပူဇော်ခြင်း၊ ၎င်းတို့၏ ဆိုဆုံးမချက်တို့ကို နာယူခြင်း။
၅။ မိမိ သန္တာန်၌ဖြစ်သော လောဘတဏှာ အလိုဆိုးသို့ မလိုက်မပါ နေခြင်း။
၆။ ဈာန်မဂ်ဖိုလ်ကို ရလွယ်ကြောင်းဖြစ်သော တောရကျောင်းတို့၌ ငဲ့သောစိတ် ရှိခြင်း။
၇။ မိမိတို့ ကျောင်းအရံသို့ မလာရောက်ဖူးသေးသော သုပေသလ သီတင်းသုံးဖော် ရဟန်းတော်တို့ လာရောက်စေခြင်း၊ လာရောက်ပြီးသော သီတင်းသုံးဖော်တို့ ချမ်းသာစွာ နေခြင်းငှာ စောင့်ရှောက်ဝတ်ပြုခြင်း။

လူ့ကျင့်ဝတ်

၁။ သတ္ထုဂါရဝတာ - မြတ်စွာဘုရား၌ ရိုသေခြင်း။
၂။ ဓမ္မဂါရဝတာ - တရားတော်၌ ရိုသေခြင်း။
၃။ သံဃဂါရဝတာ - သံဃာတော်၌ ရိုသေခြင်း။
၄။ သိက္ခာဂါရဝတာ - အကျင့်သိက္ခာ၌ ရိုသေခြင်း။
၅။ သမာဓိဂါရဝတာ - သမာဓိကို ရိုသေခြင်း၊ တည်ကြည်မှု ရှိခြင်း။
၆။ ကလျာဏမိတ္တတာ - ကောင်းသော အဆွေခင်ပွန်းရှိခြင်း။
၇။ သောဝစဿတာ - ပညာရှိတို့ ဆုံးမသည်ကို နာယူခြင်း။