ဥပါသကာဂုဏ် (၁၀) ပါး


၁။ သံဃာတော်နှင့် တူမျှသော ဆင်းရဲချမ်းသာရှိ၍ တရားတော်လျှင် အမွန်ရှိခြင်း၊
၂။ အားနှင့်လျော်စွာ ကောင်းစွာ ဝေဖန်တတ်ခြင်း၊
၃။ ဘုရားရှင် သာသနာတော်၏ ယုတ်လျော့သည်ကို မြင်လျှင် ပွားများအောင် လုံ့လပြုခြင်း၊
၄။ အသက်ဘေးသို့ ရောက်သည်ဖြစ်စေ သာသနာတော်မှ တစ်ပါးသောသူကို ဆရာဟု မညွှန်ပြခြင်း၊
၅။ ကိုယ်နှင့်စပ်သော အမှုကိုလည်းကောင်း၊ စိတ်နှင့်စပ်သော အမှုကိုလည်းကောင်း စောင့်ရှောက်ခြင်း၊
၆။ အညီအညွတ်၌ မွေ့လျော်ခြင်း၊
၇။ အံ့ဖွယ်သရဲ၏ အစွမ်းဖြင့် သာသနာတော်၌ မကျင့်ခြင်း၊
၈။ ဘုရားရှင်ကို ကိုးကွယ်ခြင်း၊
၉။ တရားတော်ကို ကိုးကွယ်ခြင်း။
၁၀။ သံဃာတော်ကို ကိုးကွယ်ခြင်း။