ဥပစာ (၁၀) ပါး

၁။ ကာရဏူပစာ - အကြောင်း၏ အမည်ကို အကျိုး၌ တင်စား၍ ခေါ်ခြင်း၊
၂။ ဖလူပစာ - အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ခြင်း၊
၃။ သဒိသူပစာ - အတူဖြစ်သော ဝတ္ထု၏အမည်ကို အတူရှိသော ဝတ္ထု၌ တင်စား၍ ခေါ်ခြင်း၊
၄။ ဌာနူပစာ - ဌာန၏အမည်ကို ဌာနီ၌ တင်စား၍ ခေါ်ခြင်း၊
၅။ ဌာနျူပစာ - ဌာနီ၏အမည်ကို ဌာနာ၌ တင်စား၍ ခေါ်ခြင်း၊
၆။ ဂုဏူပစာ - ဂုဏ်၏အမည်ကို ဂုဏေး၌ တင်စား၍ ခေါ်ခြင်း၊
၇။ ဧကဒေသူပစာ - အပေါင်း၏ အမည်ကို အနည်းငယ်၌ တင်စား၍ ခေါ်ခြင်း၊
၈။ သမီပူပစာ - အနီးတွင်ရှိသော ဝတ္ထုအမည်ကို အနီးဖြစ်သော ဝတ္ထု၌ တင်စား၍ ခေါ်ခြင်း၊
၉။ တဒ္ဓမ္မူပစာ - ရှိသောဝတ္ထုအမည်ကို မရှိသော ဝတ္ထု၌ တင်စား၍ ခေါ်ခြင်း၊
၁၀။ အဘေဒ ဘေဒူပစာ - မကွဲပြားဘဲလျက် ကွဲပြားဘိသကဲ့သို့ ခေါ်ခြင်း။

ဒသ ဥပစာ၊ ကာရဏာ ဖလ
သဒိသဟု၊ ဌာနဌာနီ
တလီဂုဏေ၊ ဧက ဒေသ
သမီပနှင့်၊ တဒ္ဓမ္ဓ-ဘေဒူ
ဤသို့ဟူသည် ...
ထုတ်ယူသဒ္ဒါ အပြားတည်း။
(ဆရာတော် ဦးဗုဓ်)