၁။ ဩဘာသ - ထူးကဲလွန်မြတ် ကြည်လင်တောက်ပသော ဝိပဿနာ အလင်းရောင် နှစ်သက်စရာ အာရုံတစ်မျိုးကို မဂ်ဟု ထင်တတ်ခြင်း၊
၂။ ဉာဏ - ရုပ်နာမ်ဓမ္မတော်၏ ဖြစ်ပျက်မှုတို့ကို ကျကျနန ကျေကျေနပ်နပ် ပိုင်းခြား၍ ထက်မြက်စူးရှကာ တွေ့မြင်ရသော ဉာဏ်အမြင်ကို မဂ်ဟု ထင်တတ်ခြင်း၊
၃။ ပီတိ - နှစ်သက်စရာ ပီတိမျိုး (၅) ပါးတို့ ပေါ်၍ ပေါ်၍ လာခြင်းကိုပင် မဂ်ဟု ထင်တတ်ခြင်း၊
၄။ (က) တစ်နေ့လုံး တစ်ညလုံး ထိုင်နေသော်လည်း ကိုယ်စိတ်တို့ ငြိမ်းချမ်းအေးမြ၍ နေခြင်း၊
၄။ (ခ) လေးလံထိုင်းမှိုင်းခြင်း ကင်း၍ ပေါ့ပါးဖြတ်လတ်ကာနေခြင်း၊
၄။ (ဂ) ကြမ်းတန်းခက်ထန်ခြင်း ကင်း၍ နူးညံ့ကာ နေခြင်း၊
၄။ (ဃ) ညောင်းညာ နာကျင်မှုကင်း၍ သန့်ရှင်း စင်ကြယ်စွာ ရှိနေခြင်း၊
၄။ (င) ခန့်ညားတည်ကြည်၍ နေခြင်း၊
၄။ (စ) အာရုံတစ်ပါးဆီသို့ ကောက်ကွေ့သွားသည်မရှိ ပကတိ ဖြောင့်မတ်စွာ ရှိနေခြင်းတို့ကြောင့် သိကြားနတ်တို့ ခံစားရသော သုခထက် ဆထက်လွန်ကျူး အထူးချမ်းသာမှု ရှိနေခြင်းကို မဂ်ဟု ထင်တတ်ခြင်း၊
၅။ သုခ - ကိုယ်လုံးစိမ့်မျှ ချမ်းသာ၍နေသော သုခတစ်မျိုးကို မဂ်ဟု ထင်နေတတ်ခြင်း၊
၆။ အဓိမောက္ခ - ကိလေသာကင်းကာ ဘုရား တရား သံဃာ၌ အလွန်ကြည်ညိုယုံကြည်၍ လာသော သဒ္ဓါကိုပင် မဂ်ဟု ထင်မှတ်နေတတ်ခြင်း၊
၇။ ပဂ္ဂဟ - ဝိပဿနာတရား၌ အထူးကြိုးစားမှတ်သားမှု မပြုရတော့ဘဲ သူ့သဘောသူ ဆောင်ယူကာ ကောင်းစွာ ချီးပင့်၍နေသော သမ္မာဝါယာမ မဂ္ဂင်ကိုပင် မဂ်ဟု ထင်နေတတ်ခြင်း၊
၈။ ဥပဋ္ဌာန - ဝိပဿနာနှင့် ယှဉ်သည့် အလွန်ခိုင်မတ်သော သတိသည် ရုပ်နာမ်ဓမ္မတို့၌ မမေ့တော့ဘဲ နှလုံးသွင်း ဆင်ခြင်အောက်မေ့တိုင်း ရနေမှုကိုပင် မဂ်ဟု ထင်ကာနေတတ်ခြင်း၊
၉။ ဥပေက္ခာ - ရုပ် နာမ် ဓမ္မ သင်္ခါရတို့အပေါ်၌ ရှေးကကဲ့သို့ ကြောင့်ကြစိုက်ခြင်း အထောက်အပံ့ အကူအညီ စသည်တို့ မပြုရတော့ဘဲ လျစ်လျူပြုကာ သင်္ခါရအမှတ်တို့၌ အလွန်အားရှိသော ဥပေက္ခာဉာဏ်ကိုပင် မဂ်ဟု ထင်မှတ်ကာ နေခြင်း၊
၁၀။ နိကန္တိ - ဝိပဿနာတရား ပွားများအားထုတ်နေသော ယောဂီသည် ဖော်ပြပါ ဩဘာသစသော နှစ်သက်တွယ်တာစရာတို့ဖြင့် ယှဉ်တွဲပေါ်ပေါက်၍လာသော ဝိပဿနာဓမ္မအပေါ်၌ အာသာရမ္မက် စပ်ယှက်ခင်မင်၍ နေသော သိမ်မွေ့ငြိမ်သက်သည့် တဏှာကိုပင် ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ဘဲ မဂ်ဟု အထင်စွဲနေတတ်ပြန်ခြင်း။