ဂါရဝတရား (၁၀) ပါး

၁။ ဗုဒ္ဓဂါရဝ - ဘုရားရှင်အား လေးစားရခြင်း၊
၂။ ဓမ္မဂါရဝ - တရားတော်အား လေးစားရခြင်း၊
၃။ သံဃဂါရဝ - သံဃာတော်အား လေးစားရခြင်း၊
၄။ သိက္ခာဂါရဝ - ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း၊
၅။ သမာဓိဂါရဝ - တည်ကြည်ဖြောင့်မှန်မှု၌ လေးစားရခြင်း၊
၆။ အပ္ပမာဒဂါရဝ - ကောင်းမှုမင်္ဂလာ၌ မမေ့မလျော့ လေးစားရခြင်း၊
၇။ ပဋိသန္ထာရ ဂါရဝ - ပေါင်းသင်းဆက်ဆံမှု ပြေပြစ်ချောမောရေး၌ လေးစားရခြင်း၊
၈။ ဟီရိဂါရဝ - မကောင်းမှုပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း၊
၉။ ဩတ္တပ္ပဂါရဝ - မကောင်းသော အလုပ်ပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း၊
၁၀။ အညမညဂါရဝ - အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစား ရိုသေမှုရှိရခြင်း။