ဧတဒဂ် ရသော ဥပါသိကာ (၁၀) ယောက်


၁။ ရှေးဦးစွာ သရဏဂုံ ကိုးကွယ်သော တပည့်တို့တွင်တပုဿ ဘလ္လိကသည် ဧတဒဂ်ရ၏။
၂။ လှူဒါန်းခြင်း၌ မွေ့လျော်သော တပည့်တို့တွင် သုဒတ္တ (ခေါ်)အနာထပိတဏ်သည် ဧတဒဂ်ရ၏။
၃။ တရားဟောတတ်သော တပည့်တို့တွင် မစ္ဆိကာသဏ္ဍမြို့သား စိတ္တသူကြွယ်သည် ဟတဒဂ်ရ၏။
၄။ ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော တပည့်တို့တွင် ဟတ္ထကအာဠာဝကသည် ဟတဒဂ်ရ၏။ 
၅။ မြတ်သောဝတ္ထုကို ပေးလှူတတ်သော တပည့်တို့တွင် သာကီဝင်မင်း မဟာနာမ်သည် ဧတဒဂ်ရ၏။
၆။ နှစ်သက်ဖွယ်ဝတ္ထုကိုလှူတတ်သော တပည့်တို့တွင် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် ဧတဒဂ်ရ၏။
၇။ သံဃာကို လုပ်ကျွေးတတ်သော တပည့်တို့တွင် ဟတ္ထိရွာသား ဥဂ္ဂတသူကြွယ်သည် ဧတဒဂ်ရ၏။ 
၈။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော တပည့်တို့တွင်သူရမ္ဗဋ္ဌသည် ဧတဒဂ်ရ၏။
၉။ ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော တပည့်တို့တွင် အဘယမင်းသားမွေးစာသော သား ဇီဝကသည် ဧတဒဂ်ရ၏။
၁၀။ ငါနှင့် အကျွမ်းတဝင် စကားဆိုသော တပည့်တို့တွင် နကုလပိတာ သူကြွယ်သည် ဧတဒဂ်ရ၏။