ဧတဒဂ် ရသော ဥပါသိကာမိန်းမ (၁၀) ယောက်


၁။ ရှေးဦးစွာ သရဏဂုံ ဆည်းကပ်သော တပည့်မတို့တွင် သေနနိဂုံးရွာ သေနိယ သူဌေးသမီး သုဇာတာသည် ဧတဒဂ်ရ၏။
၂။ လှူဒါန်းခြင်း၌ မွေ့လျော်သော တပည့်မတို့တွင် မိဂါရမာတာကျောင်းအမ ဝိသာခါသည် ဧတဒဂ်ရ၏။ 
၃။ အကြားအမြင် များကုန်သော တပည်မတို့တွင် ခုဇ္ဇုတ္တရာသည်ဧတဒဂ်ရ၏။
၄။ မေတ္တာစိတ်နှင့် နေလေ့ရှိသော တပည့်မတို့တွင် သာမာဝတီသည် ဧတဒဂ်ရ၏။
၅။ ဈာန်၌ မွေ့လျော်ကုန်သော တပည့်မတို့တွင် နန္ဒသတို့သား၏မိခင် ဥတ္တရာသည် ဧတဒဂ်ရ၏။
၆။ မွန်မြတ်သောဝတ္ထုကို ပေးလှူကုန်သော တပည့်မတို့တွင် ကောလိယ မင်းသမီး သုပ္ပါဝါသာသည် ဧတဒဂ်ရ၏။
၇။ သူနာကိုလုပ်ကျွေးတတ်သော တပည့်မတို့တွင် သုပ္ပိယ ဥပါသိကာမသည် ဧတဒဂ်ရ၏။
၈။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ်ကြည်ညိုသော တပည့်မတို့တွင် ကာတိယာနီသည် ဧတဒဂ်ရ၏။
၉။ ငါနှင့် အကျွမ်းတဝင် စကားဆိုသော တပည့်မတို့တွင် နကုလမာတာသည် ဧတဒဂ်ရ၏။
၁၀။ တဆင့်စကားဖြင့် ကြည်ညိုသောတပည့်မတို့တွင် ကာဠီဥပါသိကာမသည် ဧတဒဂ်ရ၏။