မင်္ဂလာပါဗျာ

ဤသရုပ်ပြ မာတိကာကျမ်းကို ၂၀၁၂ ခုနှစ်၊ ဧပြီလက စတင်ပြီး အချက်အလက်တွေ စရိုက်ဖြစ်ခဲ့ပါတယ်။ အချက်အလက်တွေကို ကူညီပြီး ရိုက်ပေးတဲ့သူတွေကတော့ နေပြည်တော်က သီလဝါသား၊ မနီနီအောင်၊ မဆု၊ မခိုင်ဇာ၊ မသင်းသင်းလဲ့ နဲ့ မသိမ့် တို့ပဲ ဖြစ်ပါတယ်။ ပထမဆုံး ရိုက်ထည့်တဲ့ စာအုပ်ကတော့ အများသိကြတဲ့ ဆရာကြီးဦးသုခရဲ့ သုခမှတ်စုပဲ ဖြစ်ပါတယ်။ သုခမှတ်စုမှာ မပါတာတွေကို စိန္တာမဏိ ဦးချစ်မောင်ရဲ့ မာတိကာကျမ်း ဆိုတဲ့ စာအုပ်ကနေ ဖြည့်စွက်ခဲ့ပါတယ်။ ဒါကြောင့် ယခု နိုဝင်ဘာလ ၂၀၁၂ ခုအထိ ဒီဆိုဒ်မှာ ပါသမျှဟာ ဒီစာအုပ် နှစ်အုပ်က အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒီစာအုပ်နှစ်အုပ်နဲ့တင် မစုံလင်နိုင်ဘူးဆိုတာ သိလို့ နောက်ထပ် ကျမ်းစာအုပ်တွေကိုလည်း စုဆောင်းထားပြီး ရိုက်ထည့်ဖို့ပဲ ကျန်ပါတယ်။ ဆက်လက်ပြီး ဖြည့်စွက်သွားဦးမှာပါ။ ဆက်ဖြည့်ထည့်မယ့် ကျမ်းစာအုပ်တွေရဲ့ နာမည်ကို အောက်ပါ ဖော်ပြပေးလိုက်ပါတယ်။

ရိုက်ထည့်ပြီး ကျမ်းစာအုပ်များ
၁။ သုခမှတ်စု - ဦးသုခ
၂။ မာတိကာကျမ်း - စိန္တာမဏိ ဦးချစ်မောင်

ရိုက်ထည့်ဆဲ ကျမ်းစာအုပ်
၁။ သရုပ်ပြအဘိဓာန် - ဖျာပုံဆရာတော်

ဆက်လက် ဖြည့်စွက်ဦးမည့် ကျမ်းစာအုပ်များ
၁။ မဟာသုတဒီပနီကျမ်း - အရှေ့လယ်တီဆရာတော် ဘဒ္ဒန္တကုဏ္ဍလ (ပထမတွဲ)
၂။ ၎င်း (ဒုတိယတွဲ)
၃။ ၎င်း (တတိယတွဲ)
၄။ ပိဋကသုံးပုံ သရုပ်ပြအဘိဓာန် - ဓမ္မဗိမာန်အဖွဲ့ (၂၀၁၂၊ အောက်တိုဘာလ ထုတ်)