ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး

၁။ သူတပါးတို့ ရှိခိုးခံထိုက်ခြင်း၊
၂။ စိတ်၏ ရဲရင့်တည်ကြည်ခြင်း၊
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘဝကို ရခြင်း၊
၄။ နောင်ဘုရားနှင့် တွေ့သောအခါ သစ္စာလေးပါးကို သိလွယ်ခြင်း၊
၅။ အမျိုးမြတ်ခြင်း၊
၆။ သူတပါးတို့၏ အရိုအသေ အပြုကိုခံရခြင်း၊
၇။ ချီးမွမ်းထိုက်သော အကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း၊
၈။ အဆင်းကောင်းခြင်း၊
၉။ ကိုယ်အနံ့မွှေးခြင်း၊
၁၀။ ခံတွင်းအနံ့မွှေးခြင်း၊
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၃။ ထက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၄။ လျင်မြန်သော ဉာဏ်နှင့် ပြည့်စုံခြင်း၊
၁၅။ ရွှင်သော ဉာဏ်နှင့် ပြည့်စုံခြင်း၊
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။
လင်္ကာ ။ ။ စေတီအတူ၊ စိတ်မူတည်ကြည်၊ ရောက်မည်နတ်ရွာ၊ သစ္စာသိလွယ်၊ မြတ်နွယ်အမျိုး၊ ရိုကျိုးခဲ့ရ၊ ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်၊ ကာယာခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊ ကြီးမူပညာ၊ နတ်ရွာထက်ရွှင်၊ လျင်မြန်ဘုန်းကြွယ်၊ ကောင်းကြွယ်စကား၊ ဆိုနိုင်ငြားသည်။ ဘုရားရှိခိုးရကျိုး (၁၇) မျိုးတည်း။