ပြိတ္တာ (၁၂) မျိုး

၁။ ဝန္တာသပြိတ္တာ - ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်သည်ဖြစ်၍ မခံမရပ်နိုင်သဖြင့် သူတပါးတို့ စွန့်ပစ်အပ်သော တံတွေး၊ နှပ်၊ အန်ဖတ်တို့ကိုသာ စားရသော ပြိတ္တာ၊
၂။ ကုဏပါသပြိတ္တာ - မြွေကောင်ပုပ်၊ ခွေးကောင်ပုပ်၊ လူကောင်ပုပ်တို့ကိုသာ စားရသော ပြိတ္တာ၊
၃။ ဂူထခါဒကပြိတ္တာ - မစင်ကိုသာ စားရသော ပြိတ္တာ၊
၄။ အဂ္ဂိဇာလမုခပြိတ္တာ - နေ့ညပတ်လုံး ခံတွင်းမှ မီးလျှံထွက်သော ပြိတ္တာ၊
၅။ သူစိမုခပြိတ္တာ - ကြီးသောကိုယ်၊ ရှည်သောလည်ပင်း နှင့် ခံတွင်းကား အပ်နဖားပေါက်မျှသာ ရှိသောကြောင့် ရသောအစာတို့ကို နားပေါက်၊ နှာခေါင်းပေါက်တို့မှ သွတ်သွင်းရသော ပြိတ္တာ၊
၆။ တဏှာဋ္ဋိတပြိတ္တာ - ရေအလွန်ငတ်သော အဖြစ်နှင့် ဆင်းရဲကြီးစွာ နေရသော ပြိတ္တာ၊
၇။ သုနိဇ္ဈာမကပြိတ္တာ - အလွန်အရုပ်ဆိုး၍ မကောင်းသော ကိုယ်နံ့ထွက်လျက် မီးလောင်ငုတ်နှင့်တူသော ပြိတ္တာ၊
၈။ သတ္ထင်္ဂပြိတ္တာ - ဓားသွား ငါးမျှားချိတ်နှင့်တူသော လက်သည်း၊ ခြေသည်းတို့ဖြင့် မိမိ ကိုယ်အင်္ဂါကို ကုတ်ဖဲ့၍ အသားအသွေးကို စားရသော ပြိတ္တာ၊
၉။ ပဗ္ဗတင်္ဂပြိတ္တာ - တောင်မျှလောက်ရှိသော ကိုယ်မှ နေ့ညဉ့် အခိုးထွက်လျက်ရှိသော ပြိတ္တာ၊
၁၀။ အဇဂရင်္ဂပြိတ္တာ - စပါးကြီးမြွေနှင့်တူသော ကိုယ်နှင့် နေ့ညဉ့်လှည့်လည်၍ ဒုက္ခခံစားနေရသော ပြိတ္တာ၊
၁၁။ ဝေမာနိကပြိတ္တာ - ရံခါ ကုသိုလ်ကံ၏ အကျိုးအားဖြင့် နတ်ဗိမာန်၌ နတ်စည်းစိမ်ကို ခံစားရ၍ ရံခါ အကုသိုလ်၏ အကျိုးအားဖြင့် ဒုက္ခကို ခံစားရသော ပြိတ္တာ၊
၁၂။ မဟိဒ္ဓိကပြိတ္တာ - ပြိတ္တာတို့အပေါ်၌ အကြီးအမှူးအရာ၌ တည်သော်လည်း ထမင်းစားဖျော်တို့ကို သုံးဆောင်ခြင်းငှာ မစွမ်းနိုင်သော ပြိတ္တာ။