မြားရေး (၁၂) ပါး

၁။ သရဝဋ္ဋနအတတ် - မြားကို မကန်းကွက်ဖြစ်အောင် ပစ်လွှတ်ခြင်း၊
၂။ စက္ကဝိဓံသနအတတ် - မြားကို စက်ဝန်းဖြစ်အောင် ပစ်လွှတ်ခြင်း၊
၃။ သရလဋ္ဌိအတတ် - မြားကို နွယ်တန်းဖြစ်အောင် ပစ်လွှတ်ခြင်း၊
၄။ သရရဇ္ဇုအတတ် - မြားကို ကြိုးနွယ်ဖြစ်အောင် ပစ်လွှတ်ခြင်း၊
၅။ သရပဋိဗာဟနအတတ် - မြားကို မြားခြင်းမှန်အောင် ပစ်လွှတ်ခြင်း၊
၆။ သရပါသာဒအတတ် - မြားကို မြားပြာသာဒ်ဖြစ်အောင် ပစ်လွှတ်ခြင်း၊
၇။ သရမဏ္ဍပအတတ် - မြားကို မြားမဏ္ဍပ်ဖြစ်အောင် ပစ်လွှတ်ခြင်း၊
၈။ သရသောပါနအတတ် - မြားကို စောင်းတန်းဖြစ်အောင် ပစ်လွှတ်ခြင်း၊
၉။ သရဝဿအတတ် - မြားကို မိုးရွာသကဲ့သို့ဖြစ်အောင် ပစ်လွှတ်ခြင်း၊
၁၀။ သရပါကာရအတတ် - မြားကို တံတိုင်းခတ်သကဲ့သို့ ဖြစ်အောင် ပစ်လွှတ်ခြင်း၊
၁၁။ သရပေါက္ခရဏီ အတတ် - မြားကို ရေကန်ကဲ့သို့ဖြစ်အောင် ပစ်လွှတ်ခြင်း၊
၁၂။ သရပဒုမအတတ် - မြားကို ကြာချပ်ကဲ့သို့ဖြစ်အောင် ပစ်လွှတ်ခြင်း။