ပိဋကတ် သုံးပုံ သင်ခြင်း (၃) ပါး

၁။ အလဂ္ဂဒူပမာ - မြွေဖမ်းယောက်ျားကဲ့သို့ သင်ခြင်း၊ မြွေကို မစူးစမ်း မဆင်ခြင်ဘဲ အမြီးကို လည်းကောင်း၊ အခွေကိုလည်းကောင်း ကိုင်၍ ဖမ်းယူသဖြင့် မြွေကိုက်၍ ဒုက္ခရောက်ဘိသကဲ့သို့ ပိဋကတ်ကိုလည်း သူတပါးတို့အား နှိပ်နင်းလို၍ လည်းကောင်း၊ အကျော်အစောလို၍ လည်းကောင်း သင်ခြင်း။
၂။ နိဿရဏတ္ထ - မိမိလည်း တရားကိုသိမှ ကျင့်နိုင်ရှောင်နိုင်ခြင်း၊ အတ္တဟိတ ပရဟိတ နှစ်ပါးကို ရည်စူးလျက် မဂ်ဖိုလ်ကို ရောက်နိုင်သည်ဟု ပညာဖြင့် ဆင်ခြင်၍ သင်ခြင်း။
၃။ ဘဏ္ဍာဂါရိက - ရွှေတိုက် ငွေတိုက်တို့ကို ဘဏ္ဍာစိုး စောင့်ရှောက်ဘိသကဲ့သို့ သင်ခြင်း၊ ဒုက္ခသစ္စာ - ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာ - တဏှာကို ပယ်ခြင်း၊ နိရောဓသစ္စာ - နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ မဂ္ဂသစ္စာ - မဂ္ဂင်ရှစ်ပါးကို ပွားစေခြင်း၊ အာသဝေါကုန်ပြီးသော ရဟန္တာတို့သင်ခြင်း။