နူနာမျိုး (၁၈) ပါး

၁။ ကာပါလိက - ကိုယ်ရေ နီညို၊ အဖုပေါက် ကြမ်းခြောက်၍ အလွန်နာကျင်ခြင်း ဖြစ်၏၊
၂။ ဩဒုမ္ပရ - ကိုယ်ရေနီ၊ သဖန်းသီးဖုထ၊ အလွန်ယား၊ ဆံပင်မွေး ဖျော့တော့သော အဆင်းရှိ၏၊
၃။ မဏ္ဍလ - ကိုယ်ရေဖြူ၊ နီ၊ စေးထန်းထန်း အဖုအကွက် ထ၏၊
၄။ ဣက္ခဇိဝှါ - အနာဖြစ်ရာ၌ လျှာကဲ့သို့ရှိ၏၊ အတွင်း၌ ဝါ ညိုရှိ၏၊ နာကျင်၏၊
၅။ ပုဏ္ဍရိက - အရေသည် ကြာရွက်နုကဲ့သို့ စဉ်းငယ်နီ၍ ဖြူ၏၊
၆။ သီဓမ - အရေ ကြေးနီအဆင်းကဲ့သို့ ရှိ၏၊ ယား၏၊ ခြေထောက်ခြေလက် တစ်စတစ်စ ပျံ့နှံ့၍ တက်၏၊
၇။ ကာက - အရည် ချင်ရွေးကဲ့သို့ ရှိ၏၊ အတွင်း၌ ညို၏၊ ဘေးနားနီ၏၊ ခြောက်သွေ့ကိုက်ခဲနာကျင်၏၊
၈။ ကေကုဋ္ဌ - ချွေးမထွက် ငါးတစ်ငါးတုံးကဲ့သို့ ကြီးစွာ ဖြစ်ပေါ်လာတတ်၏၊
၉။ ဂဇဓမ္မ - အရေသည် ဆင်ရေကဲ့သို့ ထူ၏၊
၁၀။ ဒမ္မဒလ - ယား၏၊ အနီရောင်ရှိ၏၊ အဖုတို့ဖြင့် ပြည့်၏၊ အဖုပေါက်ကွဲလျက် အဝတ်ပုဆိုးတို့ဖြင့် အထိမခံနိုင်အောင် နာကျင်၏၊
၁၁။ ကိဋိတ - ခြောက်သောအရောင်ရှိ၏၊ ညိုမည်း၏၊ ကြမ်းထော်၏၊
၁၂။ ဝေပါဒိက - လက်ခြေတို့၏ အရေသည် ကွဲပျက်ပေါက်ပဲ့ခြင်းသို့ ရောက်၏၊ အလွန်နာကျင်၏၊
၁၃။ အလသ - အရေ၌ များစွာယား၍ အဖုကြီးတွေ ပေါ်ပေါက်လာ၏၊
၁၄။ ဒဒ္ဒု - အရေနီလျက် ယားပြီး အဖုတို့ ထတတ်၏၊
၁၅။ ပါမာ - ပူလောင်၏၊ ယား၏၊ သေးငယ်သော ဖုကလေးတွေ ဖြစ်လာတတ်၏၊
၁၆။ ဝိပ္ဖေါနက - အရေ၌ ညိုညိုနီနီ သေးငယ်သော အဖုကလေးတွေ ဖြစ်လာတတ်၏၊
၁၇။ သတာရု - အရေ၌ နီနီအဖုကြီးတွေ ထတတ်၏၊
၁၈။ ဝိဓစ္စိကာ - အရိုးအဆစ်တို့ကို ဆွေးမြည့် ပြုတ်ပြတ်စေ၏။