ဘုရားရှင်တို့၌ အန္တရာယ်မပြုနိုင်သည် (၄) ပါး

၁။ ဘုရားသခင်တို့အား ရည်ဆောင်ခဲ့သော ပစ္စည်းလေးပါးတို့ကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်မပြုနိုင်။
၂။ ဘုရားသခင်တို့၏ အသက်ကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်မပြုနိုင်။
၃။ ဘုရားသခင်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်မပြုနိုင်။
၄။ ဘုရားသခင်တို့၏ ရောင်ခြည်တော်ကို တစ်စုံတစ်ယောက်သော သူသည် အန္တရာယ်မပြုနိုင်။