ဝိသာခါအား ဆုံးမသော ပဋိစ္ဆန္န ဩဝါဒ (၁၀) ပါး

၁။ အိမ်တွင်းက မီးကို အပြင် မထုတ်ရာ၊ အိမ်တွင်းက ရန်စကားကို အပြင်သို့ မရောက်စေရာ။
၂။ အိမ်ပက မီးကို အတွင်းမယူရာ၊ အိမ်ပက ရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ။
၃။ ပေးတတ်သောသူကိုသာ ပေးရာ၏၊ ဥစ္စာကို ပြန်၍ ပေးသောသူကို ချေးငှားရာ၏။
၄။ မပေးတတ်သောသူကို မပေးရာ၊ ပြန်၍ မဆပ်သူကို မချေးငှားရာ။
၅။ မြဲမြံသော နေရာ၌ ရလာသော်လည်းကောင်း၊ မရာလာသော်လည်းကောင်း ကောင်းစွာ သိုမှီးရာ၏၊ သိက္ခာ သီလ ထူးမြတ်သော ရတနာသုံးပါးတို့၏ထံ၌လည်းကောင်း၊ သက်ကြီးရွယ်အိုတို့ထံ၌လည်းကောင်း သံသရာမျိုးဖြစ်သော အလှူကိုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကောင်းစွာ ပေးလှူရာ၏။
၆။ ယောက္ခမတို့ နားမျက်စိ မပူဆာအောင် ချမ်းသာစွာနေရာ၏၊ ယောက္ခမကို မပန်မကြားဘဲ အမှုကို မပြုရာ။
၇။ ချမ်းသာစွာ စားရာ၏၊ ယောက္ခမတို့၏ ရှေးဦးစွာ မစားမသောက်ရာ။
၈။ ချမ်းသာစွာ အိပ်ရာ၏၊ ယောက္ခမတို့၏ ရှေးဦးစွာ မအိပ်ရာ၊ ရှေးဦးစွာ ထ ရာ၏။
၉။ လောင်တတ်သော မီးကို ရိုသေစွာ မွေးအပ်၏၊ မရိုသေ မခံ့ညားမူ မီးကဲ့သို့ လောင်တတ်သော ယောက္ခမနှင့် လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးရာ၏။
၁၀။ အိမ်ဦးနတ်ကို မပြတ်ရှိခိုးရာ၏၊ အိမ်ဦးနတ်တည်းဟူသော ယောက္ခမနှင့် လင်ကို ရိုသေမြတ်နိုးရာ၏။