ယောက်ျားယုတ် အင်္ဂါ (၄) ပါး

၁။ သူတစ်ပါး ၏ ဂုဏ်မဲ့စကား မကောင်းကြောင်းကို မမေးသော်လည်း ထင်ရှားအောင် ပြု၍ ပြော၏ ၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
၂။ သူတစ်ပါး ၏ ဂုဏ်ရှိစကား ကောင်းကြောင်းကို မေးသော်လည်း ထင်ရှားအောင်ပြု၍ မပြော၊ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
၃။ မိမိ၏ ဂုဏ်ရှိ စကားမကောင်းကြောင်းကို မမေးသော်လည်း ထင်ရှားအောင်ပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
၄။ မိမိ၏ ဂုဏ်မဲ့ စကား မကောင်းကြောင်းကို မေးသော်လည်း ထင်ရှားအောင်ပြု၍ မပြော၊ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
(စတုက္က အင်္ဂုတ္တိုရ်၊ ၃- အပဏ္ဏကဝဂ်၊ ၃- သပ္ပုရိသသုတ်)