ရှင်ပင်သာလျောင်း ဦးခေါင်းပြုခြင်း (၄) ပါး

၁။ အရှေ့အရပ်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်း ပုံတော်သည် သာမန်လျောင်းတော်မူခြင်းကို ရည်ညွှန်းဖော်ပြသည်။
၂။ တောင်အရပ်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်းပုံတော်သည် ဖလသမာပတ် ဝင်စားတော်မူခြင်းကို ရည်ညွှန်းဖော်ပြသည်။
၃။ အနောက်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်းပုံတော်သည် နိရောဓသမာပတ် ဝင်စားတော်မူခြင်းကို ရည်ညွှန်းဖော်ပြသည်။
၄။ မြောက်အရပ်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်းပုံတော်သည် မဟာပရိနိဗ္ဗာန် စံဝင်တော်မူခြင်းကို ရည်ညွှန်းဖော်ပြသည်။