ရဟန်းတို့ ရောင့်ရဲခြင်း သန္တောသ (၁၂) ပါး

၁။ ယထာလာဘ သန္တောသ - ရသမျှသော လာဘ်ဖြင့် ရောင့်ရဲခြင်း၊
၂။ ယထာဗလ သန္တောသ - အလွန်ကြီး ရလာသော်လည်းမိမိအားနှင့် လျော်ရုံမျှသော သုံးဆောင်ခြင်း၊
၃။ ယထာသာရုပ္ပ သန္တောသ - ရရသမျှတို့တွင် အယုတ်ကိုသာ သုံးခြင်း၊

ဤသုံးပါးသည် (က) ဆွမ်း၌လည်းကောင်း၊ (ခ) သင်္ကန်း၌လည်းကောင်း၊ (ဂ) ကျောင်း၌လည်းကောင်း၊ (ဃ) ဆေး၌လည်းကောင်း၊ သုံးပါးစီ ဝေဖန်၍ (၁၂) ပါးဖြစ်၏။