လောင်းကစားခြင်း၏ အပြစ် (၆) ပါး

၁။ မိမိက နိုင်ပြန်လျှင်လည်း ရန်များတတ်ခြင်း။
၂။ မိမိက ရှုံးပြန်လျှင်လည်း မိမိစီးပွား ဥစ္စာတို့ အပေါ်၌ နှမြောတသ စိုးရိမ် ပူပန်ရခြင်း။
၃။ မျက်မှောက်ဘဝ၌ပင် ပစ္စည်းဥစ္စာ ဆုတ်ယုတ် ပျက်ပြားခြင်း။
၄။ ထိုကစားသမားတို့၏ စကားသည် ပရိသတ်အလယ်၌ လူရာမဝင်ခြင်း။
၅။ ထိုကစားသမားတို့သည် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မည်သူ၏ အကူအညီမှမရဘဲ မိမိအပေါ်၌ ယုံကြည်မှုကင်းမဲ့ခြင်း။
၆။ ထိုကစားသမားတို့သည် သားမယား တစ်ယောက်ကိုမျှ ကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေးနိုင်မည့်သူတွေ မဟုတ်သည့်အတွက် သမီးပေးခြင်း၊ သမီးယူခြင်း အမှုကိစ္စတို့၌ ရှောင်ရှားခံရတတ်ခြင်း။
(သိင်္ဂါလသုတ်)