ပါဏာတိပါတကံ၏ မကောင်းကျိုး (၂၃) မျိုး

၁။ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
၂။ လုံးရပ်နေထား အချိုးအစားမကျခြင်း၊
၃။ နုံ့နှေးလေးဖင့်ခြင်း၊
၄။ ခြေလက်ဖဝါး မညီခြင်း၊
၅။ မလှပ မတင့်တယ်ခြင်း၊
၆။ အရေအဆင်း မပြောင်ဝင်းခြင်း၊
၇။ အသားအရေ ကြမ်းတမ်းခြင်း၊
၈။ ကြောက်ရွံ့တတ်ခြင်း၊
၉။ ခွန်အားဗလ မရှိခြင်း၊
၁၀။ စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
၁၁။ ချစ်ခင်သူ မရှိခြင်း၊
၁၂။ မိမိ ပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
၁၃။ ထိတ်လန့်တတ်ခြင်း၊
၁၄။ လက်နက်အတိ ဘေးသင့်တတ်ခြင်း၊
၁၅။ သူများ ပယောဂကြောင့် သေရခြင်း၊
၁၆။ တွေဝေမိုက်မဲခြင်း၊
၁၇။ ခြွေရံပရိသတ် နည်းပါးခြင်း၊
၁၈။ ရွံစရာကောင်းသော ရုပ်အဆင်းရှိခြင်း၊
၁၉။ ကုန်းကော့သော ကိုယ်ရှိခြင်း၊
၂၀။ ကြောင့်ကြစိုးရိမ်မှုများခြင်း၊
၂၁။ ဘေးရန်များခြင်း၊
၂၂။ ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
၂၃။ အသက်တိုခြင်း။