မိန်းမတို့ ဖောက်ပြန်ပျက်စီးကြောင်းတရား (၁၃) ပါး

၁။ သပဓာန - ကိစ္စတိုင်း၌ ကိုယ်တိုင်စိုးမိုးလုပ်ကိုင် အာဏာပိုင် ပြဋ္ဌာန်းမှုရနေခြင်း၊
၂။ ပိတုမန္ဒိရနိဝသန - အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
၃။ ယာတြောဿဝအင်္ဂတိ - အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
၄။ ပုရိသ သနိဓိဂေါဋ္ဌီ - ယောက်ျားတို့နှင့် ဝိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
၅။ အနိယမဝါသ - အိမ်တကာ လျှောက်လည်၍ နေခြင်း၊
၆။ ဝိဒေသဝါသ - တစ်မြို့ တစ်ရွာ တစ်နယ် တစ်ရပ်သို့ အမြဲမတည် တစ်ယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
၇။ သကုလဋ သံသဂ္ဂ - လော်လည် သော့သွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်းနေထိုင်ခြင်း၊
၈။ နိဇာယဝုတ္တိဗျာသန - သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
၉။ ပတိဝုဒ္ဓက - လင်ယောက်ျား သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
၁၀။ ဣဿိတ - လင်ဖြစ်သူက အချောင်မယား အမြှောင်မယား ထား၍ ပျော်ပါးကာနေခြင်း၊
၁၁။ ပဝါသန - လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
၁၂။ ပါန - သေအရက် သောက်ခြင်း၊
၁၃။ သုပ္ပ - ယောက်ျားတစ်ပါးနှင့် ပျော်ပါးပေါင်းဖက်နေရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။