ဝိသုဒ္ဓိ (၇) ပါး

၁။ သီလ ဝိသုဒ္ဓိ - သီလ၏ စင်ကြယ်ခြင်း။
၂။ စိတ္တ ဝိသုဒ္ဓိ - သမာဓိ၏ စင်ကြယ်ခြင်း။
၃။ ဒိဋ္ဌိ ဝိသုဒ္ဓိ - ဉာဏ် အမြင် စင်ကြယ်ခြင်း။
၄။ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ - ယုံမှားခြင်း (၁၆) ပါးကို လွန်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။
၅။ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ - မဂ် ဟုတ်သည် မဟုတ်သည်ကို သိမြင်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။
၆။ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ - မဂ်တည်းဟူသော ဉာဏ်အမြင် စင်ကြယ်ခြင်း။
၇။ ဉာဏဒဿန ဝိသုဒ္ဓိ - နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်၏ စင်ကြယ်ခြင်း။

တစ်နည်း

၁။ သီလဝိသုဒ္ဓိ - လူတို့၌လည်း လူတို့၏ (၅) ပါး၊ (၈) ပါး၊ (၁၀) ပါးသော သီလ၊ ရဟန်းတို့၌လည်း ဝိနည်းသိက္ခာပုဒ်ပေါင်း (၂၂၇) သွယ်သော သီလတို့ဖြင့် စင်ကြယ်ခြင်း၊
၂။ စိတ္တဝိသုဒ္ဓိ - ကမ္မဋ္ဌာန်း အားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရဈာန်စိတ်၏ စင်ကြယ်ခြင်း၊
၃။ ဒိဋ္ဌိဝိသုဒ္ဓိ - ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးသာ ရှိသည်ဟု ဧကန်အမှန်မြင်သော နာမရူပ ပရိစ္ဆေဒဉာဏ်၏ စင်ကြယ်ခြင်း၊
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ - ယုံမှားခြင်းဝိစိကိစ္ဆာကို လွန်မြောက်နိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်၏ စင်ကြယ်ခြင်း၊
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ - မဂ်ဟုတ်သည် မဟုတ်သည်ကို ဧကန်အမှန်သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊
၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ - ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ် တိုင်အောင် အားထုတ်၍ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဧကန် အမှန်သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊
၇။ ဉာဏဒဿနဝိသုဒ္ဓိ - နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အားထုတ်၍ နိဗ္ဗာန်ကို ဧကန်အမှန်သိသော မဂ်ဉာဏ်အမြင်၏ စင်ကြယ်ခြင်း။