မလှူအပ်သောအလှူ (၁၀) မျိုး

၁။ မဇ္ဇဒါန - မူးယစ်စေတတ်သော သေရည်သေရက်လှူခြင်း။
၂။ သမဇ္ဇဒါန - ပွဲလမ်းသဘင် စသည်အားဖြင့် လှူခြင်း။
၃။ ဣတ္ထိဒါန - မေထုန်မှုပြုရန် မိန်းမ လှူခြင်း။
၄။ ဥသဘဒါန - မေထုန်အမှုပြုရန် နွားလားဥဿဘ စသည်လှူခြင်း။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်စိတ် ဖြစ်စေရန် စာပန်းချီကားချပ် လှူခြင်း။
၆။ သတ္ထဒါန - သတ်ဖြတ်ညှင်းဆဲရန် ဒုက် ဓား လက်နက်လှူခြင်း။
၇။ ဝိသဒါန - သေလိုက သေစေရန် စာပန်းချီကားချပ် လှူခြင်း။
၈။ သင်္ခလိကဒါန - လက်ထိပ် သံခြေကျဉ်းကိုလှူခြင်း။
၉။ ကုက္ကုဋ သူရကဒါန - သတ်ဖြတ်စားသောက်ရန် ကြက် ဝက်စသည်လှူခြင်း။
၁၀။ တုလာကူဋ မာနကူဋဒါန - ရောင်းဝယ်ရာ၌ စဉ်းလဲ ကောက်ကျစ်ရန် မမှန်သော တင်း တောင်း အလေး ချိန်ခွင် အတိုင်းအတာလှူခြင်း။