နီဝရဏတရား (၅) ပါး

၁။ ကာမစ္ဆန္ဒနီဝရဏ - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော ဟူသော ခြောက်ပါးသော ဒွါရတို့ဖြင့် ဝေဒနာ ခံစားချင်သောစိတ်၊ ခံစား၍ အားမရ တင်းမတိမ်နိုင်သောစိတ်။
၂။ ဗျာပါဒနီဝရဏ - လိုချင်သော်လည်း မရသည့်အတွက် ရပြန်သော်လည်း ကြောင့်ကြသည့်အတွက် စိတ်ပျက်စိတ်အိုက် ပူပန်သောစိတ်။
၃။ ထိနမိဒ္ဓနီဝရဏ - ကိုယ်စိတ်၏ လေးလံထိုင်းမှိုင်း ပျင်းရိသောစိတ်။
၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ - စိတ်မငြိမ်ဘဲ ပြုမိလေခြင်း၊ မပြုမိလေခြင်း ဟူသော ပူပန်သောကစိတ်။
၅။ ဝိစိကိစ္ဆာနီဝရဏ - စိတ်နှစ်ခွဖြစ်၍ မဆုံးဖြတ်နိုင်သောစိတ်။