သူတစ်ပါးအား မပြောအပ်သော အကြောင်းအရာ (၉) ပါး

၁။ အာယု = မိမိနေရအံ့သော အသက်အပိုင်းအခြား။
၂။ ဝိတ္တ = မိမိပိုင် စည်းစိမ်ဥစ္စာရတနာဟူသမျှ။
၃။ ဂေဟဆိဒ္ဓ = မိမိ၏ အိမ်၌မလုံခြုံသောနေရာနှင့် အပြစ်အနာအဆာဟူသမျှ။
၄။ မန္တ = လျှို့ဝှက်အပ်သော တိုင်ပင်ဆွေးနွေးမှုများ။
၅။ မေထုန် = ကိုယ့်မယားအား သုံဝါသမှုစပ်ယှက်ပုံ၊ ပြုပုံနည်းနှင့် ပြုသောနေရာဌာန။
၆။ ဘေသဇ္ဇနယ = ခက်ခဲစွာ ဖော်စပ်အပ်သော ဆေးစွမ်းကောင်းများ။
၇။ တပ = မိမိ၏ ခြိုးခြံစွာသောအကျင့်။
၈။ ဒါန = လှူဒါန်းပေးကမ်းခြင်း။
၉။ အပမာဏ = မိမိအားသူတစ်ပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ။