မင်းတို့၏ နဝရတ် (၉) ပါး

၁။ ပြည်ကြီးဝန်ကို ရွက်ဆောင်သော အမတ်တို့သည် ပြည်၏ ဦးကင်းမည်၏။
၂။ ရဟန်းတို့သည် ပြည်၏ တံခွန်မည်၏။
၃။ ဗေဒင်အရာ ဆေးအရာတို့၌ လိမ္မာသော ဆရာတို့သည် ပြည်၏ မျက်စိမည်၏။
၄။ သူလျှိုတို့သည်ပြည်၏ နားမည်ကုန်၏။
၅။ မင်းဆွေမင်းမျိုးတို့သည် ပြည်၏ အစွယ်မည်၏။
၆။ အမျိုးသမီးတို့သည် ပြည်၏ မျက်နှာမည်၏။
၇။ သူဌေးသူကြွယ်တို့သည် ပြည်၏ ဝမ်းမည်၏။
၈။ စစ်သည်အပေါင်းတို့သည် ပြည်၏ ခြေမည်၏ ။
၉။ လက်နက်တို့သည် ပြည်၏ လက်မည်၏။ ၎င်းတို့ကို မချိုးမဖြတ်အဖျက်ဆီးကြရာ။