ဝင်းမျိုး (၄) ပါး

၁။ အရှေ့ဝင်း - အရှေ့အရပ် အရှေ့တံခါးစောင့်များ။ ၎င်းတို့လည်ကုပ်၌ ဓတရဋ္ဌနတ်မင်းကြီး ဂန္ဓဗ္ဗနတ်ကို စီးဟန်၊ ဆေးနီဖြင့် ထိုးနှံထားသည်။ မြင်းမိုရ်ရောင်ကို စွဲ၍ ဖြူသောအလံကို ကိုင်ဆောင်လွှင့်ထူရ၏။
၂။ အနောက်ဝင်း - အနောက်အရပ် အနောက်တံခါးစောင့်များ။ ဝိရူပက္ခနတ်မင်းကြီး နဂါးစီးဟန် ဆေးထိုးနှံ ချိပ်ရောင်အလံကိုင်။
၃။ တောင်ဝင်း - လက်ယာဘက်စောင့်သားများ။ ဝိရုဠှကနတ်မင်းကြီး ကုမ္ဘဏ်စီးဟန် ဆေးထိုးနှံ အလံအစိမ်းရောင်။
၄။ မြောက်ဝင်း - လက်ဝဲဘက်အစောင့်များ။ ကုဝရနတ်မင်းခေါ် ဝေဿဝဏ်နတ်မင်းကြီး ဘီလူးစီးဟန် ဆေးထိုးနှံ အလံတော်အဝါရောင် ကိုင်ဆောင်လွှင့်ထူ၏။