ဘိက္ခုနီမ၏ ဂရုဓမ္မတရား (၈) ပါး

၁။ အဝါတစ်ရာရှိသော ဘိက္ခုသည် ယနေ့ပြုစသော ရဟန်းယောက်ျားအား ညွှတ်တွားရိုသေခြင်း။
၂။ ရဟန်းယောက်ျားကင်းသော ကျောင်းရပ်၌ ဝါမကပ်ရခြင်း။
၃။ လခွဲတစ်ကြိမ် ရဟန်းယောက်ျားတို့အား နှစ်ပါးသောဓမ္မတို့ကို တောင်းပန်ရခြင်း။
၄။ ဝါကျွတ်သောအခါ ဥဘတောသံဃာ၌ ပဝါရဏာပြုရခြင်း။
၅။ ပက္ခမာနတ်ကို နှစ်စဉ်မပြတ်ကျင့်ရခြင်း။
၆။ သိက္ခမာန်အဖြစ်၌ နှစ်နှစ်တိုင်အောင်တည်ပြီးမှ ဥဘတောသံဃာ၌ ဥပသမ္ပဒ ကံဆောင်ရခြင်း။
၇။ ရဟန်းယောက်ျားများအား ပရိယာယ်စကားမျှဖြင့်လည်း မဆဲရေးမမြည်တမ်းရခြင်း။
၈။ ရဟန်းယောက်ျားတို့ ဟောကြားဆုံးမတိုင်းလိုက်နာရခြင်း။