အဘဗ္ဗပုဂ္ဂိုလ် တစ်ကျိပ်တစ်ယောက်

ရဟန်းမခံထိုက်သော ပုဂ္ဂိုလ်၊ ဈာန်မဂ်ဖိုလ်ကို မရထိုက်သော ပုဂ္ဂိုလ် (၁၁) ယောက်။

၁။ ပဏ္ဍက - ပဏ္ဍုတ်
၂။ ထေယျသံဝါသက - ရှင်ရဟန်းအသွင်ကို ခိုးယူ၍ ရှင်ရဟန်း အစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ
၃။ တိတ္ထိယပက္ကန္တက - ရဟန်းဘောင်မှ ပယ်ခွာ၍ တိတ္ထိတို့ထံသို့ သွားသူ
၄။ တိရိစ္ဆာန - တိရိစ္ဆာန်
၅။ မာတုဃာတက - အမိသတ်သူ
၆။ မိတုဃာတက - အဖသတ်သူ
၇။ အရဟန္တာဃာတက - ရဟန္တာကို သတ်သူ
၈။ လောဟိတုပ္ပါဒက - ဘုရားအား သွေးစိမ်းတည်အောင် ပြုသူ
၉။ သံဃဘေဒက - သံဃာကို ဂိုဏ်းခွဲသူ
၁၀။ ဘိက္ခုနိ ဒူသက - ရဟန်းမိန်းမကို ဖျက်ဆီးသူ
၁၁။ ဥဘတော ဗျဉ္ဇနက - နှစ်လိင်ရှိသူ