ပျင်းရိခြင်း၏ အပြစ် (၆) ပါး

၁။ နံနက်ကျပြန်တော့လည်း စောလှပါသေးတယ် ဟူ၍ လည်းကောင်း။
၂။ ညနေကျပြန်တော့လည်း အချိန်မရှိတော့ပါ ဟူ၍ လည်းကောင်း။
၃။ နေ့ခင်းကျပြန်တော့လည်း ပူလှပါသေးတယ် ဟူ၍ လည်းကောင်း။
၄။ အေးပြန်တော့လည်း အေးလှပါသေးတယ် ဟူ၍ လည်းကောင်း။
၅။ မစားရပြန်တော့လည်း ဆာလှပါသေးတယ် ဟူ၍ လည်းကောင်း။
၆။ စားပြီးပြန်တော့လည်း ဗိုက်လေးလှသေးတယ် ဟူ၍ လည်းကောင်း။
(သိင်္ဂါလော ဝါဒသုတ်)