သီလဝိသုဒ္ဓိအပြား (၄) ပါး

၁။ ဒေသနာသုဒ္ဓိ - ပါတိမောက္ခသံဝရ သီလပျက်လျှင် ဒေသနာကြားခြင်းစသည့် မိမိအာပတ်ဆိုင်ရာနည်းဖြင့် ကုစားစင်ကြယ်ခြင်းမျိုး။
၂။ သံဝရသုဒ္ဓိ - ဣန္ဒြိယသံဝရသီလ ၆ပါး၌ တစ်ပါးပါးပျက်လျှင် နောင် မပေါက်မကြားစေရဟု အဓိဋ္ဌာန်တင်၍ စင်ကြယ်ခြင်းမျိုး။
၃။ ပရိယေဋ္ဌိသုဒ္ဓိ - အာဇီဝပါရိသုဒ္ဓိသီလ ပျက်လျှင် ကုလဒူသန အနေသနစသော မိစ္ဆာဇီဝ နောင်ခါ မဖြစ်ရအောင် ရှောင်ကြဉ်၍ သမ္မဇီဝဖြင့် ရှာမှီးခြင်းမျိုး။
၄။ ပစ္စဝေက္ခဏာသုဒ္ဓိ - ဣဏပရိဘောဂ မဖြစ်စေဘဲ ပစ္စည်းလေးပါး၌ ပစ္စဝေက္ခဆင်ခြင်၍ ပစ္စယသန္နိဿိတသီလကို စင်ကြယ်စေခြင်းမျိုး။