ရဟန်းတော်တို့အား အာပတ်ဖြင့် စွပ်စွဲထိုက်သော အကြောင်းတရား (၃) ပါး

၁။ ဒိဋ္ဌ - မိမိ၏ ပသာဒစက္ခုဖြင့် သော်လည်းကောင်း၊ ဒိဗ္ဗစက္ခုဖြင့်သော်လည်းကောင်း မြင်ခြင်း။
၂။ သုတ - မိမိ၏ ပသာဒသောတဖြင့် သော်လည်းကောင်း၊ ဒိဗ္ဗသောတဖြင့်သော်လည်းကောင်း ကြားခြင်း။
၃။ ပရိသင်္ကီတ - မိမိသည်လည်းကောင်း၊ သူတပါးသည်လည်းကောင်း ဒိဋ္ဌ၊ သုတ၊ မုတ အစွမ်းဖြင့်ဖြစ်သော စိတ်ဖြင့် ယုံမှားရွံရှာခြင်း။