သင်္ခါရ (၃) ပါး

၁။ ပုညာဘိသင်္ခါရ - ကာမကုသိုလ် ပြုပြင်စီမံမှု။ မဟာကုသိုလ်၊ ရူပကုသိုလ်စေတနာစု၊ လူ့ဘုံ နတ်ဘုံ ရူပဗြဟ္မာဘုံအတွက် ပြုပြင်ပေးသည်။
၂။ အပုညာဘိသင်္ခါရ - အကုသိုလ် ပြုပြင်စီမံမှု။ အကုသိုလ်စိတ် (၁၂) ခု၌ ယှဉ်သော စေတနာစု၊ အပါယ် ၄ ဘုံအတွက် ပြုပြင်ပေးသည်။
၃။ အာနဉ္ဇာဘိသင်္ခါရ - ရူပ၊ အရူပကုသိုလ် ပြုပြင်စီမံမှု။ အရူပကုသိုလ် ၄ ခု၌ ယှဉ်သော စေတနာစု၊ အရူပဗြဟ္မာဘုံအတွက် ပြုပြင်စီစဉ်ပေးသည်။