သံဃာ့ဂုဏ်တော် (၉) ပါး

၁။ သုပ္ပဋိပန္နဂုဏ် - ကောင်းမွန်စွာ ကျင့်ကြံတော်မူ၏။
၂။ ဥဇုပ္ပဋိပန္နဂုဏ် - ဖြောင့်မှန်စွာ ကျင့်ကြံတော်မူ၏။
၃။ ဉာယပ္ပဋပန္နဂုဏ် - နိဗ္ဗာန်၏ အကျိုးငှါ ကျင့်ကြံတော်မူ၏။
၄။ သာမိစိပ္ပဋိပန္နဂုဏ် - အရိုအသေ ပြုထိုက်အောင် ကျင့်ကြံတော်မူ၏။
(အကြောင်းဂုဏ်တော်လေးပါးဖြစ်၏။)

၅။ အာဟုနေယျဂုဏ် - အဝေးမှဆောင်ယူအပ်သော ပစ္စည်းအလှူကိုခံယူထိုက်၏။
၆။ ပါဟုနေယျဂုဏ် - ဧည့်သည်တို့၏ အကျိုးငှါ ရည်မှန်း၍ လှူဒါန်းသောပစ္စည်းကို ခံယူထိုက်၏။
၇။ ဒက္ခိဏေယျဂုဏ် - သံသရာ၏အကျိုးငှါ ရည်မှန်း၍ လှူဒါန်းသော အလှူကို ခံထိုက်၏။
၈။ အဉ္ဇလိကရဏီယဂုဏ် - လက်အုပ်ချီမိုး ရှိခိုးခြင်းငှါ ထိုက်၏။
၉။ အနုတ္တရံ ပုညက္ခေတ္တံလောကဿဂုဏ် - လူ နတ် ဗြဟ္မာ အပေါင်းတို့ထက် သာလွန်မြင့်မြတ်သော ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏။
(အကျိုးဂုဏ် ငါးပါးဖြစ်၏။)