ပုဏ္ဏားမျိုး (၁၀) ပါး

၁။ တိကိစ္ဆသမဗြာဟ္မဏ = ဆေးဆရာပြုလျက် အသက်မွေးသော ပုဏ္ဏား။
၂။ ပါရိစာရိကာသမဗြာဟ္မဏ = ကျွန်ကဲ့သို့ အစေအပါးခံ၍ အသက်မွေးသော ပုဏ္ဏား။
၃။ နိဂါဟကသမဗြာဟ္မဏ = အလှူခံဇွဲကြီးသော ပုဏ္ဏား။
၄။ ခါဏုဃာတသမဗြာဟ္မဏ = ရူပဆိုးယုတ် မီးလောင်ငုတ်နှင့်တူသော ပုဏ္ဏား။
၅။ ဝါဏိဇသမဗြာဟ္မဏ = ကန်ရောင်းကုန်ဝယ်နှင့် အသက်မွေးသော ပုဏ္ဏား။
၆။ အဗ္ဗဋ္ဌသမဗြာဟ္မဏ = ကျွဲ နွားမွေး၍ လယ်ယာလုပ်စားသော ပုဏ္ဏား။
၇။ ဂေါဃာတသမဗြာဟ္မဏ = ကျွဲ နွားစသည်တို့ကို သတ်၍ ကြမ်းကြုတ်စွာ အသက်မွေးသော ပုဏ္ဏား။
၈။ ဂေါပနိသာဒသမဗြာဟ္မဏ = ခိုးယူတိုက်ခိုက်၍ အသက်မွေးသော ပုဏ္ဏား။
၉။ လုဒ္ဒကသမဗြဟ္မဏ = မုဆိုးတံငါ အဖြစ်ဖြင့် အသက်မွေးသော ပုဏ္ဏား။
၁၀။ မလမဇ္ဇသမဗြာဟ္မဏ = သူတစ်ပါး၏ အညစ်အကြေးကို ပယ်ရှားပေးကာ ဆတ္တာသည်အဖြစ်ဖြင့် အသက်မွေးသော ပုဏ္ဏား။