သမဏသုခ (၈) ပါး (ရဟန်းတို့၏ ချမ်းသာခြင်း)

၁။ ဥစ္စာစပါး သိမ်းဆည်းခြင်း မရှိသည်၏ အဖြစ်။
၂။ အပြစ်မရှိသောဆွမ်းကို ရှာမှီးသည်၏ အဖြစ်။
၃။ ငြိမ်းအေးပြီးသောဆွမ်းကို သုံးဆောင်သည်၏ အဖြစ်။
၄။ မင်းတို့၏ အခွန် အတုတ်မှ လွတ်ကင်းသည်၏ အဖြစ်။
၅။ အဆောက်အအုံတို့၌ ကင်းသော ဆန္ဒရာဂ ရှိသည်၏ အဖြစ်။
၆။ ခိုးသူလုယက်ခြင်းဘေးမှ ကင်းလွတ်သည်၏ အဖြစ်။
၇။ မင်း၊ မင်းနှင့် စပ်သော အမတ်ကြီးတိုနှင့် ရောနှောခြင်းမရှိသည်၏ အဖြစ်။
၈။ အရပ်လေးမျက်နှာတို၌ အပိတ်အပင် အတားအဆီး မရှိသည်၏ အဖြစ်။