ဘုန်းတော် (၆) ပါး

၁။ ဣဿရိယဘုန်းတော် - လောကီအရာ၌ စိတ်တော်ကို အစိုးရတော်မူသော ဘုန်းတော်။
၂။ ဓမ္မဘုန်းတော် - လောကုတ္တရာအရာ၌ စိတ်တော်ကို အစိုးရတော်မူသော ဘုန်းတော်။
၃။ ယသ ဘုန်းတော် - အခြံအရံ ပရိသတ်နှင့် ပြည့်စုံတော်မူသော ဘုန်းတော်။
၄။ သိရီဘုန်းတော် - ယောက်ျားမြတ်လက္ခဏာ (၃၂)ပါး နှင့်ပြည့်စုံ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုန်းတော်။
၅။ ကာမဘုန်းတော် - စိတ်အလိုရှိတိုင်း ပြီးစီး အောင်မြင်တော်မူသော ဘုန်းတော်။
၆။ ပယတ္တဘုန်းတော် - ကြီးမားမြင့်မြတ်သော လုံ့လဝီရိယနှင့် ပြည့်စုံတော်မူသော ဘုန်းတော်။