ယောက်ျားမြတ် အင်္ဂါ (၄) ပါး

၁။ သူတစ်ပါး ၏ ဂုဏ်မဲ့စကား မကောင်းကြောင်းကို မေးသော်လည်း ထင်ရှားစွာပြု၍ မပြော၊ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
၂။ သူတစ်ပါး ၏ ဂုဏ်ရှိစကား ကောင်းကြောင်းကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
၃။ မိမိ၏ ဂုဏ်မဲ့ စကားမကောင်းကြောင်းကို မမေးသော်လည်း ထင်ရှားအောင်ပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
၄။ မိမိ၏ ဂုဏ်ရှိ စကား ကောင်းကြောင်းကို မေးသော်လည်း ထင်ရှားအောင်ပြု၍ မပြော၊ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
(စတုက္က အင်္ဂုတ္တိုရ်၊ ၃- အပဏ္ဏကဝဂ်၊ ၃- သပ္ပုရိသသုတ်)

တစ်နည်း

၁။ မှန်ကန်စွာ ပြောဆိုခြင်း။
၂။ ဥစ္စာရှာခြင်း။
၃။ ပညာရှိတို့အား တိုင်ပင်ခြင်း။
၄။ လျှို့ဝှက်သည်ကို သူတစ်ပါးတို့အား မပြောကြားခြင်း။