ဝိပ္ပလ္လာသ (မှောက်မှားသောတရား) (၁၂) ပါး

၁။ အသုဘေ သုဘသညာ - မတင့်တယ်သော ခန္ဓာငါးပါး၌ တင့်တယ်၏ဟု မှတ်ထင်ခြင်း၊
၂။ အနိစ္စေ နိစ္စသညာ - အမြဲမတည်သော ခန္ဓာငါးပါး၌ မြဲ၏ဟု မှတ်ထင်ခြင်း၊
၃။ ဒုက္ခေ သုခသညာ - ဆင်းရဲအတိသာဖြစ်သော ခန္ဓာငါးပါး၌ ချမ်းသာ၏ဟု မှတ်ထင်ခြင်း၊
၄။ အနတ္တေ အတ္တသညာ - အနှစ်သာရ အတ္တမဟုတ်သော ခန္ဓာငါးပါး၌ အနှစ်သာရ အတ္တဟုတ်၏ဟု မှတ်ထင်ခြင်း၊
အထက် ဤလေးပါးကား သညာဝိပ္ပလ္လာသ လေးပါး တည်း။
၅။ အသုဘေသုဘဒိဋ္ဌိ - အသုဘ၌ သုဘဟုမြင်ခြင်း၊
၆။ အနိစ္စေ နိစ္စဒိဋ္ဌိ - အနိစ္စ၌ နိစ္စဟု မြင်ခြင်း၊
၇။ ဒုက္ခေ သုခဒိဋ္ဌိ - ဒုက္ခ၌ သုခဟု မြင်ခြင်း၊
၈။ အနတ္တေ အတ္တဒိဋ္ဌိ - အနတ္တ၌ အတ္တဟု မြင်ခြင်း၊
အထက် ဤလေးပါးကား ဒိဋ္ဌိဝိပ္ပလ္လာသ လေးပါး တည်း။
၉။ အသုဘေ သုဘစိတ္တ - အသုဘ၌ သုဘဟု ကြံတတ်ခြင်း၊
၁၀။ အနိစ္စနိစ္စစိတ္တ - အနိစ္စ၌ နိစ္စဟု ကြံတတ်ခြင်း၊
၁၁။ ဒုက္ခေ သုခစိတ္တ - ဒုက္ခ၌ သုခဟု ကြံတတ်ခြင်း၊
၁၂။ အနတ္တေ အတ္တစိတ္တ - အနတ္တ၌ အတ္တဟု ကြံတတ်ခြင်း၊
အထက် ဤလေးပါးကား စိတ္တဝိပ္ပလ္လာသ လေးပါး တည်း။