လူတို့၏ ဥစ္စာ (၄) မျိုး

၁။ ဇင်္ဂမဥစ္စာ - ပေါ့သောဥစ္စာ ရွှေ၊ ငွေ၊ ကျောက်သံ ၊ ပတ္တမြား။
၂။ နိဒါနဥစ္စာ - လေးသော လယ်ယာမြေ၊ အိမ်၊ တိုက်တာ၊ အဆောက်အအုံ။
၃။ အင်္ဂသမဥစ္စာ - အသက်မွေးဝမ်းကျောင်း ပညာတတ်မြောက်မှု။
၄။ အနုဂါမိကဥစ္စာ - ဒါန၊ သီလ စသော ကုသိုလ်မှုပြုခြင်းမှ ရသောအကျိုး။
(အမှာ) တိုးတိုးပြောပါကွာ - မင်းစကားကြီးက လူ သူလေးပါးကြားလို့မှ မတော် - ဟူသော ဟန့်တားသည့် စကားမျိုး၌ ရေတွက်၍ ပြသော (၄)ပါး ဖြစ်သည်။