ဝံသ (၄) မျိုး

၁။ ဗြာဟ္မဏဝံသ - သရရှစ်လုံးနှင့် က၊ င၊ စ၊ဉ၊ ဋ၊ ဏ ဤဆယ့်လေးလုံးတို့သည် ပုဏ္ဏားမျိုးမည်၏။ နို့စို့အရွယ်၏ အခိုက်အတန့်နှင့် တူသောကြောင့် ဗာလအဝတ္ထာ ဟူ၍လည်းခေါ်၏။
၂။ ခတ္တိယဝံသ - တ၊ န၊ ပ၊ မ၊ယ၊ရ ဤခြောက်လုံးတို့သည် မင်းမျိုးမည်၏။ နို့ခွဲသူငယ် အခိုက်အတန့်နှင့် တူသောကြောင့် ကုမာရအဝတ္ထာဟူ၍လည်း ခေါ်၏။
၃။ ဝေဿဝံသ - လ၊ ဝ ဤနှစ်လုံးသည် အသည်းမျိုးမည်၏။ သူအိုအခိုက်အတန့်နှင့် တူသောကြောင့် ယောဗ္ဗန အဝတ္ထာဟူ၍လည်း ခေါ်၏။
၄။ သုဒ္ဒဝံသ - သ၊ ဟ၊ ဠ ဤသုံးလုံးတို့သည် သူဆင်းရဲမျိုးမည်၏။ သေခါနီးအရွယ် အခိုက်အတန့်နှင့် တူသောကြောင့် ဝုဒ္ဓအဝတ္ထာဟူ၍လည်း ခေါ်၏။

မှတ်ချက်။ ။ ထိုလေးမျိုးတို့တွင် ရှေ့သုံးမျိုးဖြင့်သာ စီကုံးရာ၏။ နောက်တစ်မျိုးကို ပယ်ရာ၏။ ရှေ့သုံးမျိုးတွင်လည်း ရှေ့ပထမ၊ နောက် ဒုတိယနှစ်မျိုးသည် များမြတ်ဖွံ့ဖြိုးသော အကျိုးကို ပေးတတ်သည်။