စစ်ထိုးခြင်း (ထိုးစစ်) ဗျူဟာ (၆) ပါး

၁။ ဒီဇာဒိပ္ပဗျူဟာ - ရန်သူက သကဋဗျူဟာ စစ်ဆင်၍ ခံသည်ကို အလယ်တပ်မ၌ ရှင်ဘုရင်နေ၍ လက်ဝဲလက်ယာ ဂဠုန်တောင်ကဲ့သို့ ဖြန့်၍ တိုက်ခြင်း ဖြစ်သည်။
၂။ ဝါရိဝေဂဗျူဟာ - ရန်သူ့တပ်က နဒီစရဗျူဟာ စစ်ဆင်၍ ခံသည်ကို ပြင်းစွာသော ရေအဟုန်ကဲ့သို့ တစ်လုံးတစ်ခဲတည်း မကွဲမပြားဘဲ ဖိဖိစီးစီး စစ်ထိုးခြင်း ဖြစ်သည်။
၃။ ဥသဘဗျူဟာ - ရန်သူ့တပ်က ဥဒ္ဓနဗျူဟာ ဆင်၍ စစ်ခံသည်ကို ဥသဘဗျူဟာဖြင့် စစ်ဆင်၍ ထိုးရမည်။ ဥသဘဗျူဟာမှာ နွားလားဥသဘသည် ဦးတည်မိရာ တဟုန်တည်းလိုက်၍ ဝှေ့သကဲ့သို့ စစ်ဦးတည်မိရာ တဟုန်တည်း မရပ်မဆိုင်း လိုက်၍ စစ်ထိုးခြင်း ဖြစ်သည်။
၄။ ဓနုဗျူဟာ - မဓုဝဍ္ဎနဗျူဟာဆင်၍ စစ်ခံသည်ကို ဘုဇဂဗျူဟာ အပြင် ဓနုဗျူဟာဆင်၍လည်း တိုက်နိုင်သည်။ ဓနုဗျူဟာဆိုသည်မှာ ပျားအုံကဲ့သို့ စစ်ခံသည်နှင့် လျော်အောင် လေးကိုင်းသဏ္ဌာန် စစ်ဆင်၍ တိုက်ခြင်း ဖြစ်သည်။
၅။ မကရဗျူဟာ - ရန်သူ့တပ်က ဓင်္ဂပါဒဗျူဟာ ဆင်၍ စစ်ခံသည်ကို မကရဗျူဟာဖြင့် စစ်ဆင်၍ ထိုးရမည်။ မကန်းကွက်ကဲ့သို့ လေးထောင့်လေးခု အလယ်တပ်မ ပြုပြီးလျှင် စစ်ဆင်၍ ထိုးခြင်း ဖြစ်သည်။
၆။ ဘုဇဂဗျူဟာ - ရန်သူ့တပ်က မဓုဝဍ္ဎနဗျူဟာ ဆင်၍ စစ်ခံသည်ကို ဘုဇဂဗျူဟာဖြင့် စစ်ဆင်၍ ထိုးရမည်။ ဘုဇဂဗျူဟာ ဆိုသည်မှာ မြွေ၏ သဏ္ဌာန်ဆင်၍ စစ်တိုက်ခြင်း ဖြစ်သည်။