ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး (၁၁) ပါး

၁။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ - မသိမှုကြောင့် ပြုပြင်စီမံမှု ဖြစ်ရခြင်း။
၂။ သင်္ခါရပစ္စယာ ဝိညာဏံ - ပြုပြင် စီမံမှုကြောင့် အမိဝမ်း၌ ဝိညာဏ်တွယ်ရခြင်း။
၃။ ဝိညာဏပစ္စယာနာမရူပံ - ဝိညာဏ်တွယ်ခြင်းကြောင့် နာမ်ရုမ်သတ္တဝါဖြစ်ပေါ်ခြင်း။
၄။ နာမရူပပစ္စယာသဠာယတနံ - နာမ်ရုပ်သတ္တဝါ ဖြစ်ပေါ်ခြင်းကြောင့် ဒွါရခြောက်ပေါက် ဖြစ်ပေါ်ခြင်း။
၅။ သဠာယတနစ္စယာ ဖဿော - ဒွါရခြောက်ပေါက် ဖြစ်ပေါ်ခြင်းကြောင့် အာရုံကို ထိခိုက်မိခြင်း။
၆။ ဖဿပစ္စယာ ဝေဒနာ - အာရုံထိခိုက်ခြင်းကြောင့် ကောင်း မကောင်းခံစားခြင်း။
၇။ ဝေဒနာပစ္စယာ တဏှာ - ကောင်း မကောင်း ခံစားခြင်းကြောင့် ခံစားလိုစိတ်ပေါ်ခြင်း။
၈။ တဏှာပစ္စယာ ဥပါဒါနံ - ခံစားလိုသော စိတ်ကြောင့် စွဲစွဲလမ်းလမ်းဖြစ်ရခြင်း။
၉။ ဥပါဒါနပစ္စယာ ဘဝေါ - စွဲစွဲလမ်းလမ်း ဖြစ်ရခြင်းကြောင့်ဘဝကိုဆုတောင်းခြင်း။
၁၀။ ဘဝပစ္စယာ ဇာတိ - ဇာတိကို ဆုတောင်းခြင်းကြောင့် အမိဝမ်း၌ပဋိသန္ဓ နေရခြင်း။
၁၁။ ဇာတိပစ္စယာ ဇရာမရဏံ - ပဋိသန္ဓေနေရခြင်းကြောင့် အို နာ သေဖြစ်ရခြင်း။